အကြီးအကျယ်ပြဿနာတက်နေသဖြင့် ကျွန်တော်အိပ်ယာမှထ၍ ကြမ်းပြင်ပေါ် ဒူးထောက်လျက် ဆုတောင်းမိသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျွန်တော် ဘုရားသခင်ထံ စိတ်ထားမှန်နှင့်တောင်းခံခြင်းမဟုတ်ဘဲ စိတ်တိုစွာဖြင့် မေးခွန်းများ မေးနေခြင်းသာဖြစ်သည်။ စိတ်ပြေပျောက်မှုမရရှိဘဲ ပြူတင်းပေါက်မှ ကောင်းကင်သို့သာ မော်ကြည့်နေမိသည်။ မမျှော်လင့်ဘဲ တောက်ပသော ကြယ်သုံးလုံးပါဝင်သည့် အိုရီအွန်ကြယ်စုကို တွေ့လိုက်ရသည်။ နက္ခတ်ဗေဒပညာ အရ ထိုကြယ်စု၏ အကွာဝေးသည် အလင်းနှစ် ရာနှင့်ချီ၍ဝေးကွာပါသည်။
ထိုကြယ်စုတွင် ပါဝင်သောကြယ်များနှင့်နီးလေ ၎င်းတို့သည် တစ်တန်းတည်း ဖြစ်မနေကြောင်း ထင်ရှားလေဖြစ်ကြောင်း ကျွန်တော်သဘောပေါက်ပါသည်။ ကျွန်တော်၏ အဝေးမှအမြင်အရ ထိုကြယ်တို့ကို ကောင်းကင်တွင် စနစ်တကျဖွဲ့စည်း နေရာချထားသည် ဟု ထင်ရသည်။ ထိုအခိုက်အတန့်တွင် ကျွန်တော်၏ဘဝကို ဘုရားသခင်မြင်သကဲ့သို့ ကျွန်တော်မမြင်၊ မနားလည်သေးဟု နားလည်ခဲ့ရသည်။ ကိုယ်တော်၏ ကြီးမားသော ရုပ်ပုံကားချက်တွင် အရာရာတိုင်းသည် စနစ်တကျ သူနေရာနှင့်သူ တည်ရှိနေပါသည်။
ဘုရားသခင်၏ကြီးမြတ်သောရည်ရွယ်ချက်ကို အနှစ်ချုပ်ဖော်ပြပြီးသောအခါ တမန်တော်ကြီးရှင်ပေါလုက ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းမြွက်ဆိုသည်…
ကလေးဘဝကတည်းက ဂျက်ဆင်၏အိမ်မက်ပန်းတိုင်မှာ အမေရိကန်ရေတပ်မှ တပ်သားတစ်ဦးဖြစ်ချင်ခဲ့သည်။ ထိုရည်မှန်းချက်ကြောင့် နှစ်ပေါင်းများစွာ ခန္ဓာပိုင်း ကြပ်မတ်လေ့ကျင့်ခဲ့ရသည်။ စိတ်အလိုကိုမလိုက်၊ သူလုပ်ချင်သည့်အရာများကို မလုပ်ဘဲ ခြိုးခြံစွာကျင့်ခဲ့ရသည်။ နောက်ဆံုးတွင် ရေတပ်သင်တန်းသားများက “တစ်ပတ်တာငရဲစခန်း” ဟု ခေါ်သည့် အလွန်ပင်ပန်းခက်ခဲသည့် ခံနိုင်ရည်စွမ်းနှင့် ခွန်အားစစ်ဆေးမှုကို သူခံယူရင်ဆိုင်ခဲ့သည်။
ပင်ပန်းခက်ခဲလှသည့် သင်တန်းကို ပြီးစီးအောင် ဂျက်ဆင်မတတ်နိုင်၊ သူ့ခန္ဓာက ခံနိုင်ရည်မပြည့်ပါ။ တုံ့ဆိုင်းလျက်နှင့် ထိုသင်တန်းမှနှုတ်ထွက်မည့်အကြောင်း သူ့အထက် အရာရှိနှင့် အခြားသော သင်တန်းသားများကို သူအချက်ပြခေါင်းလောင်းထိုးခဲ့သည်။ လူ အများစုအတွက် ၎င်းသည်အရှံုးဟု ခံစားရမည်။ သို့သော် အလွန်စိတ်ပျက်အားလျော့မည့် အစား စစ်ဘက်ဆိုင်ရာစစ်ကြောမှု မအောင်မြင်ခြင်းအား သူ့ဘဝ အသက်အမွေးမှုအလုပ် အကိုင်အတွက် ပြင်ဆင်ပေးသည့်အရာအဖြစ် နောက်ပိုင်းတွင် သူရှုမြင်လာနိုင်ခဲ့သည်။
တမန်တော်ရှင်ပေတရုသည်လည်း အရှုံးနှင့်ရင်ဆိုင်ခဲ့ရဖူးပါသည်။ ထောင်ပဲ ကျကျ၊ သေလျှင်သေပါစေ သခင်ယေရှုအပေါ်သစ္စာစောင့်သိပါမည်ဟု ရဲရဲကြီး သူ ကြွေးကြော်ခဲ့သည်(လု ၂၂:၃၃)။ သို့သော်…
ကမ္ဘာကျော်စန္ဒယားဆရာကြီးတစ်ဦးနှင့်တွေ့ဆုံရန် ကျွန်တော်အားဖိတ်ကြားပါသည်။ ကျွန်တော်သည် ဂီတလောကတွင် ကြီးပြင်းလာသူဖြစ်ပြီး အသင်းတော်တွင် ပင်တိုင် သီချင်းဆိုသူ၊ တယောနှင့်စန္ဒယားကိုလည်း တီးခတ်သူဖြစ်သည့်အတွက် ယခုလို ရတောင့်ရခဲ အခွင့်အရေးအတွက် စိတ်လှုပ်ရှားမိသည်။
ထိုစန္ဒယားဆရာကြီးနှင့်တွေ့ရန် ရောက်သွားသည့် အချိန်တွင် သူသည် အင်္ဂလိပ်စကား မတောက်တစ်ခေါက် သာ တတ်သည်ကို သတိထားမိပြီး ကျွန်တော်တစ်ခါမျှ မတီးဖူးသည့် ချယ်လိုတယောကြီးကို တီးခတ်ရန် ပေးလာ၍ ကျွန်တော် အံ့အားသင့်မိသည်။ သူက ကျွန်တော့်ကို တီးရန် တိုက်တွန်းပြီး သူက ကူညီတီးပေးမည်ဟုပြောပါသည်။ ကျွန်တော်သည် တယောတီးသကဲ့သို့ ဂီတသင်္ကတများကို အသံစမ်းလိုက်သည်။ မရပါ။ ကျွန်တော်တို့နှစ်ဦး၏ တီးခတ်မှုက တစ်ယောက်တစ်ခြားစီ ဖြစ်နေတော့သည်။
ကျွန်တော်နိုးလာပြီး ထိုဖြစ်ရပ်အားလုံးသည် အိပ်မက်ဖြစ်နေကြောင်း သိလိုက် သည်။ သို့သော် ထိုဂီတနောက်ကြောင်းခံသည့် အိပ်မက်သည် အမှန်ပင်ဖြစ်ပြီး “မင်းသီချင်းဆိုတတ်တာကို မင်းဘာလို့ မပြောလိုက်တာလဲ” ဟူသည့်အသံက ရင်ထဲ၌ စွဲကျန်ခဲ့သည်။…
ကောလိပ်ကျောင်းသားဘဝက ကျွန်တော်သည် နွေရာသီကျောင်းပိတ်ရက်များတွင် အသက်ရှူမှားလောက်အောင်လှပသော ကော်လိုရာဒို တောင်တန်းကြီးများရှိ ဧည့်သည်များ နားနေဆောင်တန်းလျားတွင် အလုပ်လုပ်ခဲ့သည်။ ဝန်ထမ်းများသည် ဧည့်သည်များ အိပ်နေစဉ် တောမီးအန္တရာယ်ကို စောင့်ကြည့်ရန် အလှည့်ကျ ညစောင့် တာဝန်ယူရသည်။ အလုပ်က စစချင်းတွင် ပင်ပန်းသလို၊ ကျေးဇူးတင်မခံရသော အလုပ်ဖြစ်သော်လည်း ကျွန်တော့် အတွက် ဘုရားရှင်၏အံ့မခန်းမျက်မှောက်တော်တွင် ငြိမ်ဝပ် စွာဖြင့် ပြန်ပြောင်းဆင်ခြင်ကာ နှစ်သိမ့်မှုဖြစ်စေသော အခွင့်အရေး ဖြစ်ခဲ့ပါသည်။
ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်၏ မျက်မှောက်တော်ကို ငံ့လင့်လျက် ဆာငတ်စွာ ရှာဖွေခဲ့ရာ (ဆာ ၆၃း၁)၊ ညဥ့်ယံအချိန် သူ့အိပ်ယာထက်၌ပင် ဆင်ခြင်လျက် စောင့်နေကြောင်း ရေးစပ်ထားသည်(း၆)။ ထိုဆာလံကျမ်းမှ ဒါဝိဒ်မင်းကြီး ဒုက္ခရောက်နေကြာင်း ထင်ရှားစွာ ဖော်ပြနေသည်။ သူ့သားတော် အဗရှလုံ၏ ပုန်ကန်မှုကြောင့် သူ အလွန် ဝမ်းနည်းပူဆွေးနေကြောင်း သူရေးသားထားသည့် စကားလုံးများတွင် တွေ့မြင်နိုင် ပါသည်။ သို့သော်…